Webinar - Empowering Yourself for Success in the Ever-Evolving Job Market!

 လူငယ်တွေအနေနဲ့အနာဂတ် အတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ စိတ်ပျက် လက်လျော့လိုက်စရာမလိုပါဘူးနော်...။


ကြိုးစားနေတဲ့သူတွေအတွက် အခက်အခဲကြားက အခွင့်အရေးတွေ ပေါ်လာတတ်စမြဲပါ...

အခွင့်သာတဲ့အခါ အမိအရဖမ်းဆုပ်နိုင်ဖို့ ကိုယ့်ဘက်ကတော့ အကောင်းဆုံးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

ဒါအတွက်လည်း ကျွန်တော်တို့ Youth Lead Organization - လူငယ်ဦးဆောင်အဖွဲ့  ရဲ့ Connect Together - Youth Learning  Centre Team ကနေပြီး လူငယ်တွေအတွက် အစီစဉ်ကောင်း တစ်ရပ်ကို စီစဉ်ထားရှိပါတယ်။

ဒါက‌တော့ Online Webinar တစ်ခု လုပ်ဖို့ စီစဉ်ထားပါတယ်။

Webinar ရဲ့ ခေါင်းစီးကတော့

"Empowering Yourself for Success in the Ever-Evolving Job Market!" ဖြစ်ပါတယ်။

အဓိက ပြောသွားမယ့် အကြောင်းအရာတွေက -

       🔸လူငယ်တွေ အနာဂတ်အတွက် ဘယ်လိုမျိုးအရည်အချင်း အတတ်ပညာတွေ ပြင်ဆင်လေ့လာသင့်သလဲ။

        🔸Professional ဘဝကို ကူးပြောင်းနိုင်ဖို့အတွက် ချိတ်ဆက်မှု၊ ခေတ်ရေးစီးကြောင်း အပြောင်းအလဲတွေကို အချိန်နဲ့ တပြေးညီ သိနိုင်ဖို့ သိသင့်သိထိုက်တဲ့ အချက်လေးတွေက ဘာတွေလဲ။

         🔸အလုပ်ရှင်တွေ လိုအပ်တဲ့ in-demand Skills တွေက ဘာတွေဖြစ်မလဲ၊ အဲလိုမျိုး Skillsတွေ တည်ဆောက်ဖို့အတွက် ဘာတွေ လုပ်ရမလဲ။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

🌐အမြဲတမ်း ပြောင်းလဲနေတဲ့ ခုလို ခေတ်ကြီးထဲမှာ ကိုယ်တွေကိုယ်တိုင် အောင်မြင်တဲ့လမ်းကြောင်းကို လျှောက်လမ်းနိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို အရည်အချင်းတွေ ဖြည့်ထားဖို့ အရေးကြီးပါတယ်။

🤔❓ဒါပေမဲ့ ကျွန်တော်တို့ လူငယ်တွေမှာ ဘာအရည်အချင်းတွေ ဖြည့်ဖို့လိုမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေတွေ ရှာရခက်ကြပါတယ်။ ခုလို ခေတ်ကြီးထဲမှာဆို ပိုဆိုးတာပေါ့။

ရခိုင်က လူငယ်တွေအတွက်ဆို ပိုခက်ခဲပါသေးတယ်။ ဒေသထဲမှာ အများစု လူငယ်တွေအတွက် အခွင့်အလမ်းတွေ နည်းပါတာက တစ်ကြောင်း၊ ရွေးချယ်စရာမရှိတာကတစ်ကြောင်း၊ ကျွန်တော်တို့ လူငယ်တွေဟာ လှောင်ပိတ်နေကြရပါတယ်။

🎯ဒါကြောင့် ကိုယ့်နိုင်ငံ၊ အာရှနဲ့ ကမ္ဘာ့ရေစီးကြောင်းထဲမှာ ဘယ်လိုမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေက အလားအလာရှိတယ်၊ ကိုယ့်အိမ်ပြင်ပကို ထွက်ကြည့်ရင် ကိုယ်က ဘာမှမဟုတ်ဘဲ နိုင်ငံခြားသွား အလုပ်လုပ်ရင်တောင် အောက်ခြေအလုပ်တွေကိုဘဲ ပြေးမြင်မိကြတယ်။ ကျွန်တော်လူငယ်တွေမှာသာ ဘယ်လိုမျိုး ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ၊ ဘယ်လိုမျိုး အရည်အချင်းတွေကို ဖြည့်ရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒါမှသာ ဘယ်နေရာဘဲ သွားသွား ကိုယ့်အတွက် နေရာတစ်ခု ရှိနေမှာပါ။



Post a Comment

0 Comments