ဒီနေ့ လူငယ်တွေ ဝင်ရမဲ့ လုပ်ငန်းခွင် အနေအထားက မိဘတွေတုန်းကလို အခြေအနေနဲ့ အရမ်းကွာခြားပါတယ်။ အရင်တုန်းက ၁၀တန်း မှာ အမှတ်ကောင်းရင် တကသိုလ်တက်မယ်။ အလုပ်သင်နဲ့ အလုပ်ဝင်ပြီး အချိန်တန် ရာထူးတိုးမယ်။ လစာကောင်းတဲ့ အလုပ်လေးတွေပြောင်းမယ်။ ရာထူးကြီးမယ် လစာများမယ်။ ကိုယ်တွေ သင်ခဲ့ တဲ့ ပညာရေးကလဲ ဒိုင်မန်းရှင်းတခုဘဲရှိတယ်။ အခုလို Digital  ခေတ်ကြီးမှာ အရင် ကလို အဆင့်တဆင့်ပြီး တဆင့် တက်ပီး နေစရာမလို တော့ပါဘူး။ 

You can be your own BOSS! ... Then HOW? 

ကိုယ့်ကိုယ်ကို နားလည် ခြင်းကနေ စတင်ပါ။


မနေ့က လုပ်ခဲ့တဲ့ Webinar မှာ internet လိုင်းမကောင်းပေမဲ့ ကြိုးစားပီး လာရောက် Join တဲ့ လူငယ်တွေအတွက် မျှဝေခဲ့တာလေးကို အကျဉ်းချုပ်လေး အားလုံးကို ပြန်လည်မျှဝေချင်ပါတယ်။ ပွဲလေးကို စီစဉ်ပေးတဲ့ Youth Lead Organization - လူငယ်အဖွဲ့  ရဲ့ Connect Together - Youth Learning  Centre Team ကိုကျေးဇူးအများကြီး တင်ပါတယ်။

ကိုယ်နှစ်သက်တဲ့ အရာကိုရှာဖွေတာ၊ ကိုယ်ကျွမ်းကျင်တဲ့ အရာကိုရှာဖွေတာက ကိုယ့် အတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခုကို ရောက်အောင် ဖန်တီးခြင်း အစ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင် သုံးသပ် ပြီး စတင်လိုက်ပါ။

မိမိကိုယ်ကို ပြန်လည်သုံးသပ်ပါ-

ကိုယ်ပိုင်ဆိုင်တဲ့ အရည်အချင်းတွေကို ချရေးပါ။ အခု ၁၀၀ မပြည့်မချင်းမရက်ပါနဲ့။ ကိုယ့်ရဲ့ hard skills (နည်းပညာဆိုင်ရာစွမ်းရည်) နှင့် soft skills (ဆက်သွယ်ရေး၊ ပြဿနာဖြေရှင်းခြင်း) အားလုံးရေးပါ။

ကိုယ့်ကို အမှန်တကယ် ပျော်ရွှင်စေတာ က ဘာတွေလဲ စာရင်းလုပ်ပါ။ ကိုယ်က အားလပ်ချိန်တွေမှာ ဘာတွေလုပ်ရတာကို နှစ်သက်လဲ။ ကိုယ့် ဝါသနာကဘာလဲ။ ကိုယ့်က ဘယ်လို တွေမှာ အရမ်း Complaint များလဲ။ ကိုယ်တန်ဖိုးထားတဲ့ အရာတွေပါ ရှာဖွေပါ။

ကိုယ်နှစ်သက်တဲ့အရာတွေရဲ့ စျေးကွက်ကိုလေ့လာပါ။ လိုအပ်ချက်၊ ခေတ်ရေစီးကြောင်း၊ လုပ်ငန်းတိုးတက်မှုနှင့် အလားအလာရှိတဲ့ အခွင့်အလမ်းတွေကို ရှာဖွေပါ။

ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှု တွေကနေ ငွေရှာနိုင်တဲ့ မတူညီတဲ့ နည်းလမ်းတွေကို များများ စဉ်းစားပါ။ တခြားသူများက အလားတူအရည်အချင်းတွေကနေ ဘယ်လို ငွေရှာနေ လဲဆိုတာကို ကြည့်ရှုပါ။ အဲ့ဒီကနေ ကိုယ့်ရဲ့ အလားအလာရှိတဲ့ ၀င်ငွေစီးကြောင်းတွေ အကြောင်း ကိုရှာဖွေ နိုင်ပါလိမ့်မယ်။

Personal Branding - 

Online ကိုယ့်ရဲ့ တည်ရှိနေမှု့ကို ဖန်တီးပါ- ကိုယ်ပိုင် Website, LinkedIn လိုမျိုးမှာ Professional present ကိုဖန်တီးပါ။ ကိုယ့်ရဲ့ အရည်အချင်း၊ အတွေ့အကြုံတွေ ကိုယ့်ရဲ့ ယူဆချက်များကို ပြသပါ။

ကိုယ့်နယ်ပယ်မှာရှိတဲ့ ကျွမ်းကျင်တဲ့သူများနှင့် ချိတ်ဆက်ပါ။ သက်ဆိုင်တဲ့ပွဲ တွေကိုတက်ရောက်ပါ။ သဘောထားတူသူများတွေနဲ့ ချိတ်ဆက်ပါ။

Life Long Learning -

အခုလို တိုးတက် ပြောင်းလဲနေတဲ့ Technology ခေတ်ထဲမှာ ဆက်လက်လေ့လာသင်ယူပြီး ကိုယ့်နယ်ပယ်မှာရှိတဲ့ နောက်ဆုံးပေါ်ခေတ်ရေစီးကြောင်းများနှင့် နည်းပညာများကို အမြဲမပြတ် update လုပ်နေပါ။ Self-learning လုပ်တာဘဲဖြစ်ဖြစ်၊ သင်တန်းတက်တာ ဒါမှ မဟုတ်အသိအမှတ်ပြုလက်မှတ်များရယူဖို့ မြှတ်နှံပါ။

Be Open to Change

Self Learning - https://www.mooc.org/

INGO - https://kayaconnect.org/, https://reliefweb.int/jobs

လုပ်ရှင်တွေ လိုအပ်တဲ့ in-demand Skills တွေက ဘာတွေဖြစ်မလဲ? 

Thank you very much for all of my Active Participants..