Performance-based increase(လုပ်ရည်ကိုင်ရည်သုံးသတ်မှု့အပေါ်မှာမူတည်တဲ့) တွက်ချက်မှု့ကတော့ အကန့်အသတ်မရှိပါဘူး။ ကိုယ့်လုပ်ငန်းရဲ့ သွားချင်တဲ့ ပုံစံ၊ ငွေကြေး ပေါ်မှာ မူတည်ပြီး design သတ်မှတ်လို့ရပါတယ်။

ဒီမှာတော့ 3 point performance rating နဲ့ 3 point compa-ratio ပေါ်မှာ မူတည်ပြီး တွက်ချက်တဲ့ ပုံစံလေးကို ပြောပြပေးပါမှာဖြစ်ပါတယ်။

Download HERE - Merit Pay Increase - Design

Compa-Ratio ဆိုတာဘာလဲ

Compa-Ratio = Staff Salary / Midpoint of Staff Pay Band * 100%

ဝန်ထမ်းရဲ့ လစာက သတ်မှတ်ထားတဲ့ salary range ရဲ့ အလယ်အမှတ်ကနေ ဘယ်လောက်ကွာနေလဲဆိုတာကို သတ်မှတ်တာဘဲ ဖြစ်ပါတယ်။

ယေဘုယအားဖြင့် compa ratio standard ကို ၃ပိုင်းခွဲပြီး ကြည့်လို့ရပါတယ်။


Developing Pay

Competitive Pay

Premium Pay

Compa ratio < 85%

85% - Compa ratio - 115%

Compa ratio < 115%

Developing stage 

Performance 

You’re paying market rate

You’re paying above market rate


Salary Pay Band - Min - $ 100 to Max - $350

Midpoint of Pay Band - =(350 - 100)/ 2 = 125



Salary $

Compa Ratio

Remark

Employee A

105

84 %

Developing Pay

Employee B

130

104%

Competitive Pay

Employee C

300

240%

Premium Pay


Merit Matrix ဆိုတာဘာလဲ။

Merit Matrix ဆိုတာ လစာတိုးဖို့ အသုံးပြုတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ဒီနည်းလမ်းမှာတော့ အကြောင်းအရာ ၂ ခုအပေါ် အခြေခံပါတယ်။ ဒီဟာလေးက လုပ်ငန်းရှင် တွေနဲ့ Manager တွေအတွက်  ဝန်ထမ်းကို လစာ ဘယ်လိုသတ်မှတ်ပေးဖို့ အတွက် အထောက်အကူ ပြုတဲ့ မူ တစ်ခုဘဲဖြစ်ပါတယ်။  Performance Rating နဲ့ Compa-ratio အကြောင်းအရာ ၂ ခု ကတော့ကို အခြေခံပြီး အသုံးပြုတာဘဲဖြစ်ပါတယ်။

ဝန်ထမ်း ရဲ့ လစာတိုးချင်းက တဦးချင်း ရဲ့ လုပ်ရည်ကိုင်ရည်သုံးသတ် မှု့အပေါ်မှာ မူတည် ပြီး ကွာခြားမှာ ဖြစ်ပါတယ်။

ဘယ်ဝန်ထမ်းက လုပ်ငန်းရဲ့ ရည်မှန်းချက်အတွက် အကောင်းဆုံးလဲ၊ ဘယ်သူက added the most value, ဘယ်သူက ပုံမှန် တာဝန်တွေ ထက်ပိုပြီး စွမ်းဆောင် နိုင်သလဲ စတဲ့ အကြောင်းအရာတွေကို သေချာ စွာ အကဲဖြတ် ရမှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို ပံ့ပိုးနိုင်တဲ့ သေချာတဲ့ အကြောင်းအရာ အချက်အလက်တွေကိုလဲ သေချာ သိမ်းဆည်း စုဆောင်းထားဖို့လဲလိုပါတယ်။ 


Merit Matrix ကိုဘယ်လိုတွက်ရမလဲ။

Performance-based increase(လုပ်ရည်ကိုင်ရည်သုံးသတ်မှု့အပေါ်မှာမူတည်တဲ့) တွက်ချက်မှု့ကတော့ အကန့်အသတ်မရှိပါဘူး။ ကိုယ့်လုပ်ငန်းရဲ့ သွားချင်တဲ့ ပုံစံ၊ ငွေကြေး ပေါ်မှာ မူတည်ပြီး design သတ်မှတ်လို့ရပါတယ်။

ဒီမှာတော့ 3 point performance rating နဲ့ 3 point compa-ratio ပေါ်မှာ မူတည်ပြီး တွက်ချက်တဲ့ ပုံစံလေးကို ပြောပြပေးပါမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ တိကျတဲ့ salary ranges တွေရှိပီးသား ဖြစ်တဲ့ အခါမှာ သုံးရင် ပိုသင့်တော်ပါတယ်။


Performance 

Compa ratio < 85%

85% - Compa ratio - 115%

Compa ratio < 115%

Requires Improvement

0%

0%

0%

Meets Expectations

4.7%

3.85%

3%

Exceeds Expectations

6.4%

4.7%

3.85%

သူ့ရဲ့ အားသာချက်လေးက လစာ ကို Performance ရှု့ထောင့်ကနေ ကြည့်တဲ့အတွက် Performance ကောင်းတဲ့ ဝန်ထမ်းတွေကြားမှာ Competitive ဖြစ်အောင် ဒီဇိုင်းလုပ်ထားတဲ့ နည်းလေးဘဲဖြစ်ပါတယ်။ 


Salary $

Compa Ratio

Remark

Performance 

Salary increase %

Employee A

105

84 %

Developing Pay

Exceeds Expectations

6.4%

Employee B

130

104%

Competitive Pay

Meets Expectations

3.85%

Employee C

300

240%

Premium Pay

Requires Improvement

0%