Handle Interview

အင်တာဗျူးမှာ  ကိုက မေးမဲ့လူဘဲဖြစ်ဖြစ် အမေးခံရမဲ့လူဘဲဖြစ်ဖြစ် စနစ်တကျ ပြင်စဥ်ဖို့လိုပါတယ်။

STAR technique ကတော့ အင်တာဗျူးဖို့အတွက်အကောင်းဆုံးနည်းလမ်းလေးပါ။


S - situation ကိုယ့်ရဲ့ တကယ် ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့အခြေအနေ

T - tasks အဲ့အခြေအနေမှာ ကိုယ့်အနေနဲ့လုပ်ဆောင်ခဲ့ရတဲ့တာဝန်တွေက ဘာတွေလဲ

A - action ကိုယ်ဘယ်လို တာဝန်တွေကို ပြီးစီးအောင်ဆောင်ရွက်ခဲ့သလဲ

R - results ကိုယ့်ရဲ့ အားထုတ်ခဲ့တဲ့ အတွက် ရလဒ်ကောင်းတွေ၊ သင်ခန်းစာတွေ ကိုဖော်ပြပါ။



ဥပမာ-

သင့်ရဲ့ အခက်ခဲဆုံးအခြေအနေတခုကိုပြောပါ။ (stressful situation?)

💪 ငါတို့ အဖွဲ့မှာ strategy အသစ်အရ downsizing လုပ်တဲ့အခါ ဝန်ထမ်း ၂၀%ကို လျှော့ရမယ်။ ငါက အဲ့တုန်းက HR Manager ဆိုတော့ social plan ကို Director နဲ့အတူ ရေးဆွဲခဲ့ရတယ်။ ငါကတော့ အကောင်းဆုံး plan တခုရဖို့ data တွေစုတယ်၊ ဖြစ်နိုင်ခြေရှိတဲ့ risks တွေကို အဖွဲ့ခေါင်းဆောင်တွေနဲ့ဆွေးနွေးတယ်။ Director နဲ့ ဖြစ်နိုင်ခြေရှိတဲ့ risk တွေကို subject အလိုက်ဆွေးနွေးတယ်။ ငါတို့ ၁လအတွင်းအကောင်အထည်ဖော်နိုင်ခဲ့တယ်။ Downsizing အပြီးမှာတော့ revenue တွေလည်းတက်လာတယ်။

ကိုယ်က မေးတဲ့လူ ဖြစ်ရင်တော့ သူ့ရဲ့ ပါဝင်တဲ့ အခန်းဏ္ဍ၊ လုပ်ဆောင်ခဲ့ပုံ၊ ရလဒ်တွေ ကို သေသေချာချာမေးဖို့လိုပါတယ်။


ဒီထက်ပိုပြီးဆွေးနွေးချင်ရင်တော့ အင်တာဗျူးဖြေခါနီးရင် လာခဲ့ပါ😁