လွန်ခဲ့တဲ့  ၁၀ နှစ်


အောက်တိုဘာလ ၂၀၁၃ ခုနှစ်  MSF Holland မှာ HR Assistant စလုပ်တုန်းက အချိန်ကို ပြန်စဉ်း စားကြည့်ရင် အချိန်တွေက ခနလေးလိုဘဲ။ အဲ့အချိန်တုန်းက တော့ အခုလိုမျိုး Regional HR တို့ Head of HR လိုမျိုး role တွေက ကိုယ်နဲ့ အရမ်း အလှမ်းဝေးကွာသလို ခံစားခဲ့ရတယ်။

ဒါကြောင့် ကျမတုန်း က အချိန်တိုတိုနဲ့ Head of HR တယောက် ဖြစ်ဖို့ အတွက် ဘာတွေ ပြင်ဆင်ပီး လေ့လာသင့်လဲ ဆိုတာလေးကို ဒီကနေ ပြောပြပေးချင်ပါတယ်။

ကျမက ပထမဦးဆုံး ၂၀၁၅ မှာ Head of HR ပထမဆုံး တာဝန် ကိုယူတုန်းက Education က HR Certificate တခုရယ် YUFL က BA German ဆိုတာဘဲရှိတယ်။ နောက်မှ ၂၀၂၀ ရောက်တော့မှ Master Degree တခုကို ယူလိုက်တာပါ။

ပထမဆုံး Head of HR တာဝန်ယူ တုန်းက HR လုပ်သက်နှစ် ၂ နှစ်ဘဲရှိပါသေးတယ်။ ဒါပေမဲ့ အလုပ်သမား ဥပဒေ နဲ့ HR Process တခုလုံးကို စနစ်တကျ နားလည် အောင်လေ့လာထားတယ်။ နောက်ပီး တော့ office tools တွေနဲ့ အရမ်းအကျွမ်းတဝင်ရှိတယ် (ဥပမာ - Advance Excel, Payroll, Database, Word, Email, PowerPoint, Official Letter writing)။

English language ကို upper intermediate ဖြစ်အောင် လုပ်ထားတယ်။

Problem – solving ကတော့ နေ့တိုင်း အတွေ့အကြုံ အသစ် ပါဘဲ။

Young Manager တယောက် အနေနဲ့ အရေးအကြီးဆုံး အပိုင်းကတော့ ကိုယ့်ကိုယ် ယုံကြည့်ဖို့ နဲ့ လေးစားတက်ဖို့ပါ။ 

ကိုယ့်ရဲ့ technical expert ကို confidence ရှိရှိ ယုံကြည့်ဖို့က နံပတ် ၁ပါ။ လေ့လာဖို့၊ ဝေဖန်ခံ နိုင်ဖို့ resilience ကောင်းဖို့ကို ပြင်ဆင်ထားပါ။ အတွေ့အကြုံရှိတဲ့ သူတွေ ပြောတဲ့ အကြံညဏ်တွေကို လေးစားဖို့ ရယ် နောက်ထက် တခုကတော့ Data – driven decision making လုပ်တက်ဖို့ အတွက် လေ့ကျင့်ထားဖို့ပါ။

ကိုယ်က လက်တွေ့ အတွေ့အကြုံ နည်းနေသေးတဲ့ အတွက် ကိုယ့်ရဲ့ ယူဆချက် မှားယွန်း တဲ့ အခါ ထိခိုက်နစ်နာမှု့ များနိုင်တဲ့ အတွက် big picture ကို မြင်အောင်ကြည့်ပီး ဆုံးဖြတ်ဖို့ အတွက်လို အပ် သတင်း အချက်အလက် တွေကို စုဆောင်းပီး မှ  ဆုံးဖြတ်ဖို့ လေ့ကျင့်ထားပါ။ အရေး အကြီးဆုံးကတော့ Empathy ရှိဖို့ ပါဘဲ။ ဒါကတော့ HR တိုင်းမှာ ရှိရမဲ့ အဓိက အစိတ်အပိုင်း လေးပါဘဲ။

Head of HR  ရဲ့ တာဝန်ကတော့ HR policies နဲ့ လုပ်ဆောင်ချက်တွေက organization ရဲ့ သွားချင်တဲ့ ဦးတည်ချက်နဲ့  ခေါင်းဆောင်တွေအကြား ကိုက်ညီအောင် လုပ်ပေးရတာပါဘဲ။ အဲ့မှာ talent acquisition, recruitment strategies, development retention of a skilled workforce, employee engagement and development programs တွေ နဲ့ နောက်ထက် တာဝန်တွေကတော့ compensation & Benefit programme, အလုပ်သမား ဥဒေ လုပ်ထုံး လုပ်နည်းတွေနဲ့  ကိုက်ညီအောင် အောင်လုပ်ရတာတွေ။ Senior Leadership တွေ people manager တွေနဲ့ ဝန်ထမ်း တွေအကြား ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အကြံပေးတာတို့ ဆွေးနွေးတာတို့၊ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်နဲ့ well being တို့ feedback တွေကို နားထောင်တာ တို့ လုပ်ရပါတယ်။

ကိုယ်ရဲ့ career growth အတွက် အခွင့်အရေးတွေက market ထဲမှာ ရှိနေလို့ ကိုယ့်ရဲ့ profile က stand out ဖြစ်နေဖို့ ဒီ ၂ ချက်ကို မေ့ထားလို့မရပါဘူး

  • Education က life long journey ဖြစ်လို့ အမြဲတမ်းလေ့လာသင်ယူနေပါ
  • Networking - အခု အချိန်မှာ တော့ ကိုယ်က အလုပ်သစ် ရှာဖွေနေတာ ဘဲဖြစ်ဖြစ်၊ professional networking ရဖို့ အတွက်ဘဲဖြစ်ဖြစ် LinkedIn တို့ လို အားကိုးရတဲ့ပလက်ဖောင်း တွေရှိနေတဲ့ အတွက် ကိုယ့်ရဲ့ Personal Branding အတွက် အထောက်အကူပြုမဲ့ platform တွေ ပြင်ဆင်ထားပါ

Alright! ကျမရဲ့ HR Journey လေးကနေ အားလုံးအတွက် learning and growth tips လေးတွေ ရလိမ့်မယ် ထင်ပါတယ်။ နောက် ထပ်လဲ HR နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာလေး တွေ ကို page လေးမှာ တင်ပေးပါမယ်ရှင်။

Cheers 🍺🍺